Macroeconomics ဆိုတာ တိုင်းပြည်တစ်ခုလုံးကို ဒါမှမဟုတ် တိုင်းပြည်ရဲ့
အခြေခံစုပေါင်းယူနစ်တွေ ဖြစ်တဲ့ အစိုးရ၊ အိမ်ထောင်စုတွေ၊ လုပ်ငန်းတွေ စတာတွေကို လေ့လာစစ်ဆေးတာ၊
အဲဒီ အဓိကကိုယ်စားလှယ်တွေကြား ဆက်နွယ်မှုတွေကို ခြုံငုံ လေ့လာတာ၊ ပြီးတော့ စီးပွားရေးဆိုင်ရာအတိုင်းအတာတွေဖြစ်တဲ့
စုစုပေါင်းထွက်ကုန်၊ စုစုပေါင်းဝင်ငွေ၊ စုစုပေါင်းအသုံးစရိတ်၊ အလုပ်လက်မဲ့၊ အထွေထွေဈေးနှုန်းအဆင့်
စတာတွေနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို စိစစ်တာဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်ခုချင်းကို
လေ့လာတာ မဟုတ်ပါဘူး။ သို့သော်လည်း အလုပ်လက်မဲ့ပြဿနာကို macroeconomic ခေါင်းစဉ် အနေနဲ့လေ့လာ မယ်ဆိုရင်တော့
အလုပ်လက်မဲ့နှုန်းကို ဆုံးဖြတ်နိုင်ဖို့ အတွက် အလုပ်ရှာရတာ ဘယ်လောက်ကြာသလဲဆိုတဲ့အပေါ်မှာ
အလုပ်သမားတစ်ယောက်ချင်းက ပြုလုပ်ထားတဲ့ ဆုံးဖြတ်ချက်တွေ ကြည့်ရမယ်။ သီးသန့်သတ်မှတ်ထားတဲ့ အလုပ်သမား ဈေးကွက် တွေက အလုပ်သမားဌားရမ်းမှုကို အားပေးတဲ့ ပုံစံလား
သို့မဟုတ် ဟန့်တားတဲ့ပုံစံလား ဆိုတာကိုလဲ စဉ်းစား ရမယ် ဆိုတာ စီးပွားရေးပညာရှင်တွေက လက်ခံကြတယ်....။ Microeconomics ဆိုတာကတော့ အိမ်ထောင်စု တစ်ခု၊ ကဏ္ဍတစ်ခု၊ ကို သီးသန့် လေ့လာတာပါ။
07 July, 2012
ဘောဂဗေဒပညာရပ်ဆိုင်ရာ ရှုထောင့်
ဘောဂဗေဒ
ရှုထောင့်မှာ အပြန်အလှန် ဆက်နွယ်နေတဲ့ features (၃) ခုရှိပါတယ်..။
(၁) ရှားပါးမှုနဲ့ ရွေးချယ်မှု Scarcity and Choice
လူတွေရဲ့ လိုအင်ဆန္ဒတွေ၊ လိုအပ်ချက်တွေနဲ့ ကမ္ဘာကြီးမှာ တိုင်းပြည်တွေမှာရှိတဲ့
ရှားပါးတဲ့ သယံဇာတ resources တွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ရွေးချယ် အသုံးချမလဲ
ဆိုတာကို လေ့လာတာ Economics ပညာရပ်ပါ။ သယံဇာတတွေက အကန့် အသတ်နဲ့ ဖြစ်နေတဲ့အတွက်
ရွေးချယ်မှဘဲ ရမှာပါ..။ ဒီနေရာမှာ "ရွေးချယ်" ဆိုတဲ့ စကားလုံးဟာ
အရမ်းအရေးကြီးပါတယ်။ အားလုံးကို မရရှိနိုင်ပါဘူး။ ရွေးချယ်ရပြီ
ဖြစ်တဲ့အတွက် ဘယ်ဟာကို ရရှိဖို့ ဘယ်ဟာကို စွန့်လွှတ် မလဲဆိုတာ ထည့် စဉ်းစားရပါပြီ။
ဒါကြောင့် Economics ရဲ့ အဓိက သဘောတရားက "There is no free lunch."
ဖြစ်ပါတယ်။ ကိုယ့်ကို တစ်ယောက်ယောက်က နေ့လည်စာနဲ့ ဧည့်ခံတဲ့အခါ
ကိုယ့်အနေနဲ့ ကြည့်ရင် ဒါဟာအလကား ရတာ ထင်ရပေမဲ့ အခြားတစ်ယောက်က
ပိုက်ဆံကျခံရပါတယ်..။
စီးပွားရေးစံနစ်များ
လူ့အဖွဲ့အစည်းတိုင်းမှာ
စီးပွားရေးစံနစ်တစ်ခုစီ ရှိကြပါတယ်..။ စီးပွားရေးစံနစ်တစ်ခုဟာ (၁) ဘာကုန်စည်တွေကို
ထုတ်လုပ်မလဲ။ (၂) ဘယ်လိုထုတ်လုပ်မလဲ။ (၃) အဲဒီကုန်စည်တွေကို ဘယ်သူတွေ က ရမှာလဲ။
(၄) ပြောင်းလဲမှုကို ဘယ်လို လက်ခံယူမလဲ။ (၅) နည်းပညာ တိုးတက်မှု ကို ဘယ်လို
မြှင့်တင်ပေးမလဲ .. စတာတွေကို စဉ်းစား ဆုံးဖြတ်ရပါတယ်..။ စီးပွားရေးစံနစ်တွေ
ဆိုတာကလဲ သွင်းအားစုတွေကို ဘယ်သူတွေက ပိုင်သလဲ အရသော်လည်းကောင်း၊
စီးပွားရေးဆိုင်ရာ လုပ်ဆောင် ချက်တွေကို တွန်းအားပေးတဲ့၊ ပူးပေါင်း ညှိနှိုင်း
ဆောင်ရွက်တဲ့၊ ညွှန်ကြားတဲ့ နည်းစနစ်တွေ အရ သော် လည်းကောင်း
ကွဲပြားသွားကြပါတယ်..။ စီးပွားရေး စံနစ်တွေ မှာ အစွန်းရောက် စံနစ် ၂ ခု
ရှိပါတယ်..။ ဗဟို ချုပ်ကိုင်စနစ်ဖြစ်တဲ့ ဆိုရှယ်လစ် သို့မဟုတ် ကွန်မြူနစ်စံနစ် နဲ့
ဈေးကွက် စီးပွားရေးစံနစ် သို့မဟုတ် အရင်းရှင်စံနစ်ဘဲ ဖြစ်ပါတယ်..။ အခု ဈေးကွက်စီးပွားရေးစံနစ်ကို
အလေးပေးပြီး ရေးသားချင်ပါတယ်..။
Subscribe to:
Posts (Atom)

