27 July, 2012

ဈေးကွက် ပျက်ယွင်းမှု အခြေအနေ Market Failure အပိုင်း ၁


          အပြိုင်အဆိုင် ဖြစ်နေတဲ့ ဈေးကွက်စံနစ်မှာ Market Failure ဖြစ်တာ အကြောင်းရင်း (၂) ရပ် ရှိပါတယ်။ (၁) ဈေးကွက် က တချို့သော ကုန်စည်နဲ့ ဆောင်ရွက်မှုများ ထုတ်လုပ်၊ ဖြည့်ဆည်းရာမှာ  မှားယွင်းတဲ့ ပမာဏ ထုတ်လုပ်ခြင်း (၂) စီးပွားရေးအရ လက်ခံနိုင်တဲ့၊ သင့်တော်တဲ့ အချို့သော ကုန်စည်နဲ့ ဆောင်ရွက်မှုများ ထုတ်လုပ်ဖို့ရန် သယံဇာတသွင်းအားစုများ ခွဲဝေပေးမှု လုံးဝ မရှိခြင်း တို့ဘဲ ဖြစ်ပါတယ်။ ပထမ အမျိုးအစား ပျက်ယွင်းမှု ဖြစ်ရခြင်းကတော့ ကုန်စည်တစ်ခုကို ထုတ်လုပ်တဲ့ အခါမှာ အဲဒီကုန်ပစ္စည်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေဟာ တကယ် ဝယ်ယူ သူတွေနဲ့ ရောင်းချသူတွေကို မသက်ရောက်ဘဲနဲ့  အခြားအပြင်လူတွေကို သက်ရောက်ခြင်းကြောင့်   ဖြစ်လာတာ ပါ။ ဘောဂဗေဒ ပညာရှင်များက externalities သို့မဟုတ် spillovers လို့ခေါ်ပါတယ်။ ဒုတိယ အမျိုးအစားပျက်ယွင်းခြင်းကတော့ public goods လို့ခေါ်တဲ့ ပြည်သူပိုင် ကုန်ပစ္စည်း တွေကြောင့်   ဖြစ်ပါတယ်။ အစိုးရက ဈေးကွက် ပျက်ယွင်းမှု ၂ မျိုးစလုံးကို ဖြေရှင်းဖို့ အရေးယူ   ဆောင်ရွက်မှုတွေ ပြုလုပ်ရပါမယ်….

11 July, 2012

ကာလရှည် ငွေချေးစာချုပ် Bonds: Long-Term Liabilities


ပြည်ထောင်စု မြန်မာနိုင်ငံကြီးမှာ အပြောင်းအလဲတွေကလဲ ဖြစ်နေပြီ ဆိုတော့ ငွေကြေးဈေးကွက် ပေါ်ထွန်း လာဖို့ကို   မျှော်လင့်ရင်း Bonds နဲ့ပတ်သက်ပြီး သိတာလေးတွေ ရေးချင်ပါတယ်။ သိပြီး တော်ပြီး တတ်ပြီးသူများအတွက် အသုံးမဝင်ပေမဲ့ မသိသေး မတတ်သေးသူများအတွက်တော့ ကောင်းကောင်း အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

08 July, 2012

ငွေကြေးပမာဏရဲ့နောက်ခံကဘာလဲ?




ငွေကြေးပမာဏရဲ့ အဓိကအစိတ်အပိုင်းဖြစ်တဲ့ ငွေစက္ကူ၊ ငွေအကြွေများနဲ့ စာရင်းရှင် အပ်ငွေ checkable deposits များသည် ပေးချေဖို့ ကြွေးမြီတွေဘဲ   ဖြစ်ပါတယ်။ ငွေစက္ကူတွေက ဗဟိုဘဏ် ရဲ့ လည်ပတ်နေတဲ့ ကြွေးမြီတွေ၊ စာရင်းရှင်အပ်ငွေတွေ ကတော့ ကူးသန်းရောင်း ဝယ်ရေး  ဘဏ်တွေ နဲ့ ငွေစုငွေချေးအသင်းတွေရဲ့   ကြွေးမြီတွေဘဲ   ဖြစ်ပါတယ်..။   ငွေစက္ကူနဲ့ စာရင်းရှင် အပ်ငွေ (တနည်းပြောရရင် ချက်လက်မှတ်ရေးပြီး ထုတ်ယူနိုင်တဲ့ငွေ) တွေမှာ သူတို့ကို ပြုလုပ်တဲ့ ကုန်ကျ စရိတ် (intrinsic value) မရှိဘူးလို့ ယူဆထားပါတယ်..။ 

ငွေကြေးလုပ်ဆောင်ချက်များနှင့် ငွေကြေးအဓိပ္ပါယ်


တိုင်းပြည်တစ်ခုမှာ ငွေကြေးစံနစ် ကောင်းမွန်စွာ လည်ပတ်မှသာ ဝင်ငွေနဲ့ အသုံးစရိတ်တွေရဲ့ လည်ပတ် စီးဆင်းမှုကို အထောက်အပံ့ ဖြစ်ပါတယ်။ တိုင်းပြည်အနေနဲ့လဲ resources တွေကို ကောင်းမွန် ထိရောက်စွာ အသုံးပြုနိုင်ပြီး full employment ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးစံနစ် ကောင်းကောင်း မလည်ပတ်တော့တာနဲ့ သယံဇာတ ခွဲဝေ အသုံးချ မှုတွေ ပျက်စီးကုန်ပြီး စီးပွားရေးအဆောက်အအုံရဲ့ ထွက်ကုန်၊ အလုပ်အကိုင် ရရှိမှုနှင့် ဈေးနှုန်းစတာတွေမှာ မတည်ငြိမ်မှုတွေ ဖြစ်စေပါတယ်။ အခု ဗဟိုဘဏ်ကလူများ သိပြီးဖြစ်တဲ့ ငွေကြေး လုပ်ဆောင်ချက်တို့၊ ငွေကြေးအဓိပ္ပါယ်တို့ စတာတွေ   ရေးသားမှာ ဖြစ်ပါတယ်.. သိပြီး သားတွေဖြစ်ပေမဲ့ သည်းခံပြီး ဖတ်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်..။ 


အလုပ်လက်မဲ့၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းနှင့် အနာဂတ်ကာလအခြေအနေ


အခုအလုပ်လက်မဲ့အခြေအနေနဲ့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေတွေမှာရှိတဲ့ production possibilities model နဲ့ လက်ရှိ ကာလ ရွေးချယ်မှုကြောင့် ဖြစ်လာမဲ့ အနာဂတ် production possibilities curve များ အကြောင်း  ရေးသား မှာဘဲ ဖြစ်ပါတယ်....။


07 July, 2012

Production Possibilities Model



           Society က ရှားပါးတဲ့ သယံဇာတ အရင်းအမြစ်တွေကို ကုန်စည်နဲ့ ဆောင်ရွက်မှုတွေ ထုတ်လုပ်ဖို့ အကောင်းဆုံးရွေးချယ် အသုံးပြုတာကို Production Possibilities နဲ့ ရှင်းပြပါမယ်။ ပထမ လွယ်အောင်လို့ assumptions တွေထားမယ်..
  • Full employment - တိုင်းပြည်က သူ့ရဲ့ရနိုင်သမျှ သယံဇာတရင်းမြစ်အားလုံးကို အသုံးပြု လုပ်ကိုင်နေတယ်။
  • Fixed resources - သယံဇာတအရင်းအမြစ်တွေ တနည်းအားဖြင့် factors of production တွေရဲ့ အရေအတွက် ပမာဏနဲ့ အရည်အသွေးဟာ မပြောင်းလဲဘူး.. ပုံသေလို့ယူဆမယ်။
  • Fixed technology - နည်းပညာရပ်တွေ၊ ကုန်ပစ္စည်းထုတ်လုပ်ဖို့ အသုံးပြုတဲ့ နည်းပညာတွေကိုလဲ ပုံသေထားမယ်။
  • Two goods - တိုင်းပြည်ဟာကုန်စည် ၂ မျိုးဘဲ ထုတ်လုပ်တယ်လို့ ယူဆမယ်.. စာသုံးကုန်စည်နဲ့ စက်မှုကုန်စည်.. တနည်းပြောရရင် consumer goods နဲ့ capital goods - ပီဇာနဲ့ စက်ရုပ်..       
          ပီဇာက consumer goods - လူတွေရဲ့လိုအင်ဆန္ဒကို တိုက်ရိုက်ဖြည့်ဆည်းပေးတဲ့ကုန်စည်.. စက်ရုပ်က capital goods - ထုတ်လုပ်မှုမှာ ပိုပြီးထိရောက်မှုရှိစေဖို့ အသုံးပြုတဲ့လူတွေရဲ့လိုအင်ဆန္ဒကို သွယ်ဝိုက်   ဖြည့်ဆည်းပေးတဲ့ကုန်စည်.. 

လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်း၏ ချွေတာစိစစ်သုံးစွဲမှုဆိုင်ရာ ပြဿနာများ



            Macroeconomics ဆိုတာ တိုင်းပြည်တစ်ခုလုံးကို ဒါမှမဟုတ် တိုင်းပြည်ရဲ့ အခြေခံစုပေါင်းယူနစ်တွေ ဖြစ်တဲ့ အစိုးရ၊ အိမ်ထောင်စုတွေ၊ လုပ်ငန်းတွေ စတာတွေကို လေ့လာစစ်ဆေးတာ၊ အဲဒီ အဓိကကိုယ်စားလှယ်တွေကြား ဆက်နွယ်မှုတွေကို ခြုံငုံ လေ့လာတာ၊ ပြီးတော့ စီးပွားရေးဆိုင်ရာအတိုင်းအတာတွေဖြစ်တဲ့ စုစုပေါင်းထွက်ကုန်၊ စုစုပေါင်းဝင်ငွေ၊ စုစုပေါင်းအသုံးစရိတ်၊ အလုပ်လက်မဲ့၊ အထွေထွေဈေးနှုန်းအဆင့် စတာတွေနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို စိစစ်တာဖြစ်ပါတယ်။ တစ်ဦးချင်း၊ တစ်ခုချင်းကို လေ့လာတာ မဟုတ်ပါဘူး။ သို့သော်လည်း အလုပ်လက်မဲ့ပြဿနာကို macroeconomic ခေါင်းစဉ် အနေနဲ့လေ့လာ မယ်ဆိုရင်တော့ အလုပ်လက်မဲ့နှုန်းကို ဆုံးဖြတ်နိုင်ဖို့ အတွက် အလုပ်ရှာရတာ ဘယ်လောက်ကြာသလဲဆိုတဲ့အပေါ်မှာ အလုပ်သမားတစ်ယောက်ချင်းက ပြုလုပ်ထားတဲ့  ဆုံးဖြတ်ချက်တွေ ကြည့်ရမယ်။ သီးသန့်သတ်မှတ်ထားတဲ့ အလုပ်သမား   ဈေးကွက် တွေက အလုပ်သမားဌားရမ်းမှုကို အားပေးတဲ့ ပုံစံလား သို့မဟုတ် ဟန့်တားတဲ့ပုံစံလား ဆိုတာကိုလဲ စဉ်းစား ရမယ် ဆိုတာ စီးပွားရေးပညာရှင်တွေက လက်ခံကြတယ်....။ Microeconomics ဆိုတာကတော့ အိမ်ထောင်စု တစ်ခု၊ ကဏ္ဍတစ်ခု၊ ကို သီးသန့် လေ့လာတာပါ။