အခုအလုပ်လက်မဲ့အခြေအနေနဲ့
တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်တဲ့ အခြေအနေတွေမှာရှိတဲ့ production
possibilities model နဲ့ လက်ရှိ ကာလ ရွေးချယ်မှုကြောင့် ဖြစ်လာမဲ့ အနာဂတ် production
possibilities curve များ အကြောင်း ရေးသား မှာဘဲ ဖြစ်ပါတယ်....။
(၁)
အလုပ်လက်မဲ့ပြဿနာ
၁၉၃၀ ခုနှစ်များတဝိုက်က စီးပွားပျက်ကပ်
(Great Depression) မှာ အမေရိကန်နိုင်ငံအပါအဝင် တိုင်းပြည် များမှာ အလုပ်လက်မဲ့
ပြဿနာကို ကြီးကြီးမားမား ရင်ဆိုင်ခဲ့ကြရတယ်။ နောက်ပိုင်း ကာလ တွေမှာလဲ စီးပွားရေး ကျဆင်းမှု
(recession) နဲ့တကွ အလုပ်လက်မဲ့ ပြဿနာကို မကြာခဏ တွေ့ခဲ့ကြ ရတယ်။ အဲဒီအခါမှာ
production possibilities model က ဘယ်လိုရှိမလဲ ဆိုတာ လေ့လာပါမယ်။ ကျွန်မတို့က ပထမတုံးက resources
တွေကို fully employed လုပ်တယ်ဆိုတဲ့ assumption ကို ထားခဲ့ တယ်..။ အခု အဲဒါကို
ဖြုတ်လိုက်မယ်။ အလုပ်လက်မဲ့ unemployment ဖြစ်ပြီဆိုရင် တိုင်းပြည်ရဲ့ အခြေအနေဟာ
production possibilities curve အတွင်းက အမှတ် U မှာ ရှိတယ်။ တိုင်းပြည်က ကုန်စည်
၂ မျိုးစလုံးကို လျှော့ပြီးထုတ်ရတာကို ပြောတာပါ။
တိုင်းပြည်က
သူ့ရဲ့ labor တနည်းအားဖြင့် resources ၊ factors of production ထဲက တစ်ခုကို
အပြည့် အဝ အသုံး မချရဘူး။ production possibilities curve ပေါ်က အမှတ်တွေဖြစ်တဲ့
ကုန်စည် ၂ မျိုး စလုံးကို အများဆုံးထုတ်လုပ်နိုင်တဲ့ အတွဲတွေထက်
နိမ့်ကျနေပြီဖြစ်တယ်။ Full employment ရအောင် ပြန်လုပ်ရမယ် ဆိုတာကို အပေါ်ကပုံမှာရှိတဲ့
မြှားတွေက ညွှန်ပြနေတယ်။ Full employment ဘက်ကို ရွှေ့လာခြင်းဖြင့် ကုန်စည် ၂
မျိုးလုံး သို့မဟုတ် ၁ မျိုးရဲ့ ထွက်ကုန်တွေဟာ တိုးလာပါတယ်။
(၂) စီးပွားရေးတိုးတက်မှုနှုန်း
တကယ်လို့
တိုင်းပြည်က စီးပွားရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်နေတယ်ဆိုရင် resources တွေရဲ့
အရည်အသွေးနဲ့ အရေအတွက် ပမာဏကို ပုံသေထားထားတဲ့ assumption ကို ဖယ်ထုတ်လိုက်မယ်။
အဲလိုဆိုရင် production possibilities curve ရဲ့အနေအထားက ရွေ့သွားမယ်။
တိုင်းပြည်ရဲ့ အများဆုံး ကုန်ထွက် အလားအလာဟာလဲ ပြောင်းလဲသွားမယ်။
တိုင်းပြည်တစ်ခုမှာ
ရနိုင်တဲ့ သယံဇာတအရင်းအမြစ်တွေဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲနေတယ်။ ဥပမာ အားဖြင့်
တိုင်းပြည်မှာ လူဦးရေ တိုးလာတာဟာ labor ပမာဏနဲ့ entrepreneurial ability
ကိုတိုးလာစေတယ်။ labor တွေရဲ့ အရည်အသွေးဟာလဲ ပညာထပ်သင်တာတို့၊ သင်တန်းစတာတွေ ကတစ်ဆင့်
အချိန်နဲ့အမျှ တိုးတက်နေတယ်.. တိုင်းပြည်ရဲ့ capital ပမာဏဟာလဲ တည်ငြိမ်မှု
မရှိပေမဲ့ တိုးတက်နေတယ်.. တချို့သော စွမ်းအင်နဲ့ ဓာတ်သတ္တု သယံဇာတတွေ
ကုန်ခမ်းပြုန်းတီးသွား လဲ နောက်ထပ် အသစ်အသစ် သယံဇာတတွေကို ရှာတွေ့ပြန်တယ်။ ဥပမာ
ဆည်မြောင်း တာတမံတွေ တည်ဆောက် တာဟာ သီးနှံစိုက်ပျိုးဖို့ ဆည်ရေသောက် မြေဧရိယာတွေ တိုးတက်လာတယ်..
အဲဒီလို
factors of production တွေတိုးတက်လာခြင်းရဲ့ အကျိုးအမြတ်ကတော့ consumer goods ရော၊
capital goods ၂ မျိုးစလုံးကို ပိုမိုထုတ်လုပ်လာနိုင်တယ်။ ဒါကြောင့် အခုကနေ
နောင်အနှစ် ၂၀ အကြာမှာ တိုင်းပြည်ရဲ့ production possibilities ဟာ
အောက်ပါဇယားထဲက အတိုင်း ဖြစ်လာ နိုင်တယ်..
Type of Product
|
Production Alternatives
|
||||
A'
|
B'
|
C'
|
D'
|
E'
|
|
Pizzas (in hundred
thousands)
|
0
|
2
|
4
|
6
|
8
|
Robots (in thousands)
|
14
|
12
|
9
|
5
|
0
|
တိုင်းပြည်ရဲ့
သယံဇာတတွေ ကြွယ်ဝလာတာဟာ alternative တစ်ခုစီမှာရှိတဲ့ ကုန်စည် ၂ ခုလုံး သို့မဟုတ်
၁ ခုရဲ့ ထွက်ကုန်အလားအလာကို ပိုမိုတိုးတက်လာစေတယ်။ တိုင်းပြည်ဟာ ထွက်ကုန်တွေ တိုးတက်လာ
တဲ့အတွက် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ရရှိတယ်။ အဲဒီလို တိုင်းပြည်ရဲ့
resources တွေရဲ့ အရည်အသွေး၊ အရေအတွက် တိုးတက်လာတဲ့အခါ production possibilities
curve ဟာ အပြင်ဘက်၊ ညာဘက်ကို ရွှေ့သွားတယ်။ အောက်ကပုံမှာ တွေ့နိုင်ပါတယ်။
ပုံထဲမှာ
အတွင်း curve ကနေ A' B' C' D' E' curve ကို ရွေ့သွားတာကို ပြထားပါတယ်..
ဒီလိုမျိုးရွေ့သွားတာဟာ စီးပွားရေးလုပ်ဆောင်နိုင်မှုစွမ်းအား တိုးတက်နှုန်းကို
ပြပါတယ်။ တနည်းအားဖြင့် ထွက်ကုန် တွေတိုးလာတာ.. economic growth
ကိုရရှိတာဖြစ်ပါတယ်။
နောက်တစ်ခါ
နည်းပညာရပ်တွေ ဖွံ့ဖြိုးတိုးတက်လာတာဟာ ကုန်စည်အသစ်တွေ၊ ပိုကောင်းတဲ့ ကုန်စည်တွေနဲ့
အဲဒီ ကုန်စည်တွေကို ထုတ်လုပ်တဲ့အခါမှာ အသုံးပြုတဲ့ ပိုမိုကောင်းမွန်တဲ့
နည်းလမ်းတွေ ကို ဖြစ်စေပါတယ်.. တနည်းပြောရရင် နည်းပညာ တိုးတက်မှုကြောင့်
ကုန်စည်ထုတ်လုပ်မှု နည်းလမ်း တိုးတက်ပြီး ထွက်ကုန်တွေတိုးတက်ကောင်းမွန်ပြီး
စီးပွားရေးဖွံ့ဖြိုးမှုနှုန်းကို ရရှိစေပါတယ်။ ဥပမာအားဖြင့် ထုတ်လုပ်မှု စီမံကိန်းရေးဆွဲဖို့နဲ့
ကုန်လက်ကျန်ကို စီမံခန့်ခွဲဖို့ computerized system ကို စတင် မိတ်ဆက် လိုက်တယ်ဆိုပါစို့။
ဒီလိုလုပ်ခြင်းဖြင့် အရှေ့က ဆောင်းပါးတွေမှာ ရေးသားခဲ့တဲ့ society သည်
ရရှိနိုင် သမျှ သော resources တွေနဲ့ ကုန်စည်အများဆုံး ထုတ်လုပ်နိုင်ရန်
ရွေးချယ်ရတဲ့ economizing problem ကို ပြောင်းလဲသွားစေတယ်။ resources တွေ
တိုးတက်လာတာ၊ နည်းပညာတွေ တိုးတက် လာတာဟာ ပီဇာကိုရော၊ စက်ရုပ်ကိုရော များများ ထုတ်လုပ်လာနိုင်ပါတယ်။
လက်တွေ့ဥပမာပြရရင်
ကွန်ပြူတာတွေ၊ ဆက်သွယ်ရေး၊ biotechnology နဲ့ပတ်သက်တဲ့ နည်းပညာတွေ အရမ်းကို
တိုးတက်လာတဲ့အတွက် ကွန်ပြူတာဈေးနှုန်းတွေကျသွားသလို ကွန်ပြူတာတွေ ရဲ့ speed ကလဲ
အရမ်းကောင်းလာတယ်။ တိုးတက်လာတဲ့ software တွေကလဲ ကွန်ပြူတာကို နေ့စဉ်
အသုံးပြုမှုကို ပိုမိုတိုးတက်စေတယ်။ ဆယ်လူလာဖုန်းတွေ၊ အင်တာနက် စတာတွေကလဲ
ဆက်သွယ်ရေး ဆိုင်ရာ လုပ်ဆောင်နိုင်မှုတွေကို တိုးတက်လာစေတယ်.. ဈေးကွက်တွေရဲ့
ထိရောက်မြန်ဆန်မှုတွေ၊ ထုတ်လုပ်မှုတွေ တိုးတက်လာတယ်.. biotechnology မှာတိုးတက်မှုသည်လဲ
အရေးကြီးတဲ့ စိုက်ပျိုးရေး ဆိုင်ရာ၊ ဆေးပညာဆိုင်ရာ ရှာဖွေတွေ့ရှိမှုတွေကို
ဖြစ်စေတယ်။
အချုပ်ပြောရရင်
စီးပွားရေးဖွံ့ဖြိုးတိုးတက်နှုန်းသည် (၁) resources ပမာဏတွေ တိုးတက်လာခြင်း၊ (၂)
resources တွေ ရဲ့ အရည်အသွေးတွေ တိုးတက်လာခြင်း၊ (၃) နည်းပညာတွေတိုးတက်လာခြင်း
တို့ကြောင့် ဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးဆက် ကတော့ full employment
ရှိတဲ့ တိုင်းပြည်တွေ သည် consumption goods ရော၊ capital goods ရော ၂ မျိုးစလုံး
ကို ပိုမိုပြီးထုတ်လုပ်လာနိုင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု မရှိတဲ့ တိုင်းပြည်တွေကတော့
ကုန်စည်တစ်ခုကို ပိုလိုချင်ရင် ကျန်တစ်ခုကို ပိုပြီးစွန့်လွှတ် ရပါတယ်။
(၃) ယခုကာလရွေးချယ်မှုနှင့် အနာဂတ်ကာလ ဖြစ်နိုင်ချေအခွင့်အလမ်းများ
production
possibilities curve ပေါ်မှာရှိတဲ့ တိုင်းပြည်တစ်ခုရဲ့ လက်ရှိကာလ ရွေးချယ်မှု အနေအထား သည်
အနာဂတ် ကာလမှာရှိမဲ့ curve ရဲ့ အနေအထားကို ဆုံးဖြတ်ပေးပါတယ်။ production
possibilities curve ရဲ့ဝင်ရိုး ၂ ခုမှာ goods for the future နဲ့ goods for the
present ကို ထားကြည့်ရအောင်။ အနာဂတ်အတွက် ကုန်စည်တွေကို capital goods တွေ၊
သုတေသနနဲ့ပညာရေး၊ တီထွင်ထုတ်လုပ်ထားတဲ့ဆေးဝါး အဲလိုမျိုး ကုန်စည်တွေထားမယ်..
လက်ရှိကာလအတွက်ကို အစားအစာ၊ အဝတ် အထည်၊ ဖျော်ဖြေမှုဆိုင်ရာပစ္စည်း စတာတွေ ထားပါမယ်။
အနာဂတ်အတွက်ကုန်စည်တွေသည် resources တွေရဲ့ အရည်အသွေး၊ အရေအတွက်ကို တိုးပွားစေတယ်။
နည်းပညာဆိုင်ရာ အချက် အလက်တွေ ရဲ့ပမာဏကို တိုးပွားစေတယ်။ လူသားအရင်း အမြစ်တွေရဲ့
စွမ်းရည်ကိုလဲ တိုးတက်စေ တယ်.. အရှေ့မှာ သိခဲ့တဲ့အတိုင်း အနာဂတ် ကုန်စည်တွေဟာ
economic growth ကို ဖြစ်စေတဲ့ ပစ္စည်းတွေဘဲ ဖြစ်ပါတယ်။
အခု
Presentville နဲ့ Futureville ဆိုတဲ့ တိုင်းပြည် ၂ ခုကို စိတ်ကူးနဲ့
တည်ဆောက်ကြည့်မယ်။ သူတို့ ၂ခုဟာ အစ ပထမမှာ အတူတူဘဲ။ ဘာပဲကွာသလဲဆိုရင် Presentville
ရဲ့လက်ရှိ ကာလ ရွေးချယ်မှုက future goods ထက် present goods တွေကို
ဦးစားပေးရွေးချယ်တယ်။ X ဝင်ရိုးပေါ် မှာ present goods နဲ့ Y ဝင်ရိုးပေါ်မှာ future
goods တွေ ရှိတယ်။
Presentville တိုင်းပြည်ရဲ့ Production possibilities curve ပေါ်မှာ ရှိတဲ့ အမှတ် P
ဟာ လက်ရှိကာလ ကုန်စည်တွေကို ဦးစားပေး ရွေးချယ် တဲ့အတွက် curve
ရဲ့ ညာဘက် အောက်ဖက်နားမှာရှိ တယ်။ သူက အနာဂတ် ကုန်စည်တွေကို နဲနဲဘဲထုတ်မယ်။ တစ်ခါ
Futureville တိုင်းပြည်မှာတော့ လက်ရှိကာလ ရွေးချယ်မှုက အနာဂတ် ကုန်စည်တွေ ကို
များများရွေး ထုတ်လုပ်ပြီး လက်ရှိကာလ ကုန်စည်တွေကို နည်းနည်းဘဲ ထုတ်လုပ်မယ်။ သူ့ရဲ့
production possibilities curve ပေါ်မှာ ရှိတဲ့ အမှတ် F ဟာ curve ရဲ့အပေါ်ဖက်
ဘယ်ဘက်နား မှာရှိတယ်။
အခု other
things equal လို့ယူဆရင် Futureville တိုင်းပြည်ရဲ့ အနာဂတ် production
possibilities curve ဟာ Presentville တိုင်းပြည်ရဲ့ အနာဂတ် production
possibilities curve ထက် အများကြီး ပိုကျယ် သွားတာ ကိုတွေ့ရတယ်။ အခု လက်ရှိ ကာလမှာ
နည်းပညာ တိုးတက်မှုကို အားပေးတဲ့၊ resources တွေရဲ့ ပမာဏနဲ့ အရည်အသွေးကို
တိုးတက် ပွားများစေတဲ့ ကုန်စည်တွေကို ရွေးချယ် ထုတ်လုပ်ခြင်း ဖြင့် Futureville
တိုင်းပြည်သည် Presentville တိုင်း ပြည် ထက် economic growth ကို ပိုမိုရရှိပါတယ်။
တနည်းပြောရရင် Futureville တိုင်းပြည်သည် Presentville တိုင်းပြည်ထက် capital
goods ထွက်ကုန် တွေ ပိုရအောင် ရင်းနှီးမြှုပ်နှံထားတယ်။ Futureville တိုင်းပြည်က
ဒီလို မျိုးရွေးချယ် တဲ့အတွက် အနာဂတ် ကာလမှာ ပိုမိုများတဲ့ ထွက်ကုန်နဲ့ economic
growth ကိုရရှိတာဖြစ်ပါတယ်။ လက်ရှိကာလမှာ opportunity cost အနေနဲ့
စားသုံး ကုန်စည်တွေ နဲနဲဘဲ ထုတ်ပါတယ်။ ဘယ်တိုင်းပြည်က ပိုကောင်းသလဲ ဆိုတာတော့
ပြောလို့မရပါဘူး။ ကွဲပြားတဲ့ ရလာဒ် ၂ ခုသည် တိုင်းပြည် ၂ ပြည်ရဲ့ ကွဲပြားတဲ့
နှစ်သက်မှု ၊ ကွဲပြားတဲ့ ရွေးချယ်မှုကို ပြပါတယ်။ သို့သော် တိုင်းပြည် တစ်ခုစီ ကတော့
သူတို့ရွေးချယ်လိုက်တဲ့ စီးပွားရေးဆိုင်ရာ အကျိုးဆက်အတိုင်းဘဲ နေထိုင် သွားရမှာ
ဖြစ်ပါတယ်။
production
possibilities analysis ဟာ တိုင်းပြည်တစ်ခုစီကို production possibilities curve က
ညွှန်ပြ ထားတဲ့ ထွက်ကုန်အတွဲတွေနဲ့ ကန့်သတ်ထားတာကို ပြပါတယ်။ ဒါပေမဲ့ ဒီလို
ကန့်သတ်ထား တာ ကို International specialization နဲ့ trade တို့က ပြင်ဆင်ပေးပါတယ်။
International
specialization ဆိုတာကတော့ ပြည်တွင်းသယံဇာတတွေနဲ့ တိုင်းပြည်က ပိုပြီး
ထိထိရောက်ရောက် ထုတ်လုပ်နိုင်တဲ့ ကုန်စည်ကို ဇောက်ချ ထုတ်လုပ်တာပါ။ အဲလို
အထူးပြုထုတ်ထား တဲ့ ကုန်စည်ကို ပြည်ပနိုင်ငံက ဇောက်ချ ထုတ်လုပ်ထားတဲ့
ကုန်စည်တွေနဲ့ လဲလှယ်ကြတာဟာ အပြည်ပြည် ဆိုင်ရာကုန်သွယ်ရေး International trade
ဖြစ်ပါ တယ်။ ဇောက်ချ ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေး ဟာ တိုင်းပြည်တစ်ပြည် အနေနဲ့
အခြားကုန်စည်တစ်ခုကို နည်းနည်းဘဲ စွန့်လွှတ် ရပြီးတော့ ကိုယ်လိုချင်တဲ့ ကုန်စည်ကို
များများ ရစေပါတယ်။ ပီဇာ ၃ ယူနစ် ရဖို့ စက်ရုပ် ၃ ယူနစ်ကို စွန့်လွှတ်ရမဲ့အစား
စက်ရုပ် ၂ ယူနစ်ကို ကုန်သွယ် လိုက်ခြင်းဖြင့် ရရှိနိုင်ပါတယ်။ specialization နဲ့
trade ဟာ resources တွေ များပြား ကောင်းမွန် လာတာနဲ့ နည်းပညာတွေ တိုးတက်လာတာလိုဘဲ
တူညီတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ society အတွက် consumer goods ရော၊ capital
goods ပါ ၂ မျိုးစလုံး တိုးတက် ရရှိစေပါတယ်.. ပြည်တွင်း production possibilities
ကို ကြီးမားအောင်၊ တိုးချဲ့အောင် လုပ်တာရယ်၊ အခုပြောတဲ့ အပြည်ပြည်ဆိုင်ရာ
ကုန်သွယ်ရေးရယ်ဟာ တိုင်းပြည် ထွက်ကုန် တိုးပွားစေတဲ့ လမ်းကြောင်း ၂ မျိုး ဘဲ
ဖြစ်ပါ တယ်.. နောင်အခါမှဘဲ international trade ကို ရေးသားပါမယ်..။
McConnell, Brue နှင့် Flynn တို့ရေးသားသော eighteenth edition, "Economics, Principles, Problems, and Policies" ကို ကိုးကားဘာသာပြန်ပါသည်။
မြတ်မိုးမိုး