07 July, 2012

ဘောဂဗေဒပညာရပ်ဆိုင်ရာ ရှုထောင့်



ဘောဂဗေဒ ရှုထောင့်မှာ အပြန်အလှန် ဆက်နွယ်နေတဲ့ features (၃) ခုရှိပါတယ်..။

(၁) ရှားပါးမှုနဲ့ ရွေးချယ်မှု Scarcity and Choice
         လူတွေရဲ့ လိုအင်ဆန္ဒတွေ၊ လိုအပ်ချက်တွေနဲ့ ကမ္ဘာကြီးမှာ တိုင်းပြည်တွေမှာရှိတဲ့ ရှားပါးတဲ့ သယံဇာတ resources တွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ရွေးချယ် အသုံးချမလဲ ဆိုတာကို လေ့လာတာ Economics ပညာရပ်ပါ။ သယံဇာတတွေက အကန့် အသတ်နဲ့ ဖြစ်နေတဲ့အတွက် ရွေးချယ်မှဘဲ ရမှာပါ..။ ဒီနေရာမှာ "ရွေးချယ်" ဆိုတဲ့ စကားလုံးဟာ အရမ်းအရေးကြီးပါတယ်။ အားလုံးကို မရရှိနိုင်ပါဘူး။   ရွေးချယ်ရပြီ  ဖြစ်တဲ့အတွက် ဘယ်ဟာကို ရရှိဖို့ ဘယ်ဟာကို စွန့်လွှတ် မလဲဆိုတာ ထည့် စဉ်းစားရပါပြီ။ ဒါကြောင့် Economics ရဲ့ အဓိက သဘောတရားက "There is no free lunch." ဖြစ်ပါတယ်။ ကိုယ့်ကို တစ်ယောက်ယောက်က   နေ့လည်စာနဲ့ ဧည့်ခံတဲ့အခါ ကိုယ့်အနေနဲ့ ကြည့်ရင် ဒါဟာအလကား ရတာ ထင်ရပေမဲ့ အခြားတစ်ယောက်က ပိုက်ဆံကျခံရပါတယ်..။

       သယံဇာတ သွင်းအားစုတွေအားလုံးကို ပုဂ္ဂလိက အနေနဲ့ဖြစ်စေ၊ စုပေါင်းဖြစ်စေ၊ လူ့အဖွဲ့အစည်းက လူတွေအားလုံး ပိုင်ဆိုင်ကြ တဲ့အတွက် ကုန်ကုန်ပြောရရင် လူ့အဖွဲ့အစည်းက စရိတ်ကျခံရတာဖြစ်ပါတယ်။ ထမင်းတည်ခင်းဖို့အတွက် ရှားပါး သွင်းအားစုတွေ land, equipment, farm labor, cooks, waiters, managerial talent စတာတွေ လိုအပ်ပါတယ်။ ဒီသွင်းအားစုတွေ သုံးပြီး စွန့်လွှတ်ပြီး မှ နေ့လည်စာ တစ်ပွဲကို ဖန်တီးရတာဖြစ်တဲ့အတွက် ဘယ်ဟာမှ အလကားမရပါဘူး။ အဲဒီ စွန့်လွှတ် လိုက်ရတာတွေကို "opportunity cost" လို့ခေါ်ပါတယ်။ To obtain more of one thing, society forgoes the opportunity of getting the next best thing. That sacrifice is the opportunity cost of the choice.

 (၂) ရည်ရွယ်ချက်ရှိသောအပြုအမူ Purposeful Behavior
           နောက်ပြီး လူတွေရဲ့ အမူအကျင့်တွေဟာ အကျိုးအကြောင်းဆီလျော်တဲ့ မိမိဖာသာစိတ်ဝင်စားမှု (rational self-interest) က သြဇာသက်ရောက်နေတယ်လို့ ဘောဂဗေဒပညာက ကယူဆထားပါတယ်။ လူတွေဟာ ကုန်စည်နဲ့ဆောင်ရွက်မှု တွေကို သုံးဆောင်တဲ့ အခါမှာ သူတို့ရဲ့ စိတ်ကျေနပ်မှု၊ ပျော်ရွှင်မှု စတာတွေကို တိုးတက်အောင်၊ များပြားအောင် ရှာဖွေကြတယ်။ ဒါကို Utility လို့ခေါ်တယ်။ လူတွေဟာ သူတို့ရဲ့ အချိန်၊ စွမ်းအင်၊ ပိုက်ဆံတွေကို ခွဲဝေသုံးစွဲပြီး သူတို့ရဲ့ Utility ကို အများဆုံး ကောင်းနိုင် သလောက်ကောင်းအောင် ရှာကြံကြတယ်.. အဲလို လူတွေဟာ အကျိုးအမြတ်နဲ့ စရိတ်စကကို စဉ်းစား အလေးပေး တဲ့အတွက် သူတို့ရဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေဟာ သေချာရည်ရွယ်ပြီး၊ အကျိုးအကြောင်း ဆီလျော်စွာ လုပ်ထား တာဖြစ်တယ်။ ပရမ်းပတာ လုပ်ချင်ရာ လုပ်ထားတာ မဟုတ်ဘူး။ စားသုံးသူတွေကလဲ ဘာကုန်စည်နဲ့   ဆောင်ရွက်မှုတွေကို ဝယ်ယူမလဲ.. လုပ်ငန်းတွေကလဲ ဘာကိုထုတ်လုပ်မလဲ၊ ဘယ်လို ထုတ်လုပ်မလဲ..  အစိုးရအဖွဲ့ အစည်းတွေကလဲ ဘာလုပ်ငန်း   တွေကို ပြည်သူတွေအတွက် ဝန်ဆောင်မှုပေးမလဲ.. အဲလိုလုပ်ဖို့ ဘယ်လို   ငွေကြေးဖြည့်ဆည်း မလဲ... စသည်ဖြင့် ရည်ရွယ်ချက် ရှိရှိ စဉ်းစားဆုံးဖြတ်ကြတယ်။ ဒီလို Purposeful behavior တွေက လုံးဝပြည့်စုံ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ကိုတော့ပေးချင် မှပေးမယ်.. အမှားတွေလဲ ရှိတယ်။
          လူတစ်ယောက်ရဲ့ လုပ်ခလစာတွေ ဒါမှမဟုတ် အမြတ်တွေ တိုးလာခြင်းဟာ တခြားတစ်ယောက်ရဲ့ လိုအင်ပြည့်ဝစေလို့၊   ကျေနပ်စေလို့ဘဲ ဖြစ်တယ်။ အလှူလုပ်တယ်၊ စေတနာ့ဝန်ထမ်းလုပ်ပေးတယ် ဆိုတာတွေလဲ အဲလိုလုပ်ခြင်း ကနေ မိမိ စိတ်ကျေနပ်မှု ရရှိလို့ဘဲ ဖြစ်တယ်။ မိဘတွေ ကိုယ့်သားသမီး ပညာရေးအတွက် ကုန်ကျခံတယ်.. ဘာလို့လဲ.. သားသမီးတွေ အဆင့်မြင့်ပညာတွေ တတ်တာ ကို စိတ်ကျေနပ်လို့.. ။ ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုတွေ (self-interest) နဲ့ စိတ်ကျေနပ်မှု Utility ကို အမြင့်ဆုံးဖြစ်အောင် လုပ်ဆောင်ကြတယ်။

 (၃) အနားသတ်ခြားနားချက် သရုပ်ခွဲ စိစစ်ခြင်း Marginal Analysis 
           ဆုံးဖြတ်ချက်တွေပြုလုပ်ရာမှာ marginal costs နဲ့ marginal benefits  ကို နှိုင်းယှဉ်ကြည့်တဲ့ marginal analysis ဟာ အရေးပါတယ်။ marginal ဆိုတာဟာ extra, additional လို့အဓိပ္ပါယ်ရ တယ်။ နောက်ထပ်အပို  တစ်ခုပေါ့။   ရွေးချယ်မှု အများစု၊ ဆုံးဖြတ်ချက်အများစုမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေ (status quo) ထဲက အပြောင်းအလဲတွေ ပါဝင်နေတယ်။   နောက်တစ်နှစ်   ကျောင်းထပ်တက် ရမလား.. စာမေးပွဲအတွက် နောက်ထပ် တစ်နာရီ စာထပ်ကျက်ရမလား.. အလားတူ လုပ်ငန်းတစ်ခုက output ကိုထပ်ချဲ့ရမလား၊ လျှော့လိုက်ရမလား.. အစိုးရကလဲ ကာကွယ်ရေးလုပ်ငန်း အတွက် ငွေကြေး သုံးစွဲမှုကို တိုးမလား၊ လျှော့မလား.....။ အားလုံးမှာ marginal costs နဲ့ marginal benefits ရှိတယ်။ ဘာလို့လဲ.. ရှားပါးတဲ့ သယံဇာတတွေ ကြောင့်ပေါ့။
           ဥပမာ- ကိုယ်နဲ့ စေ့စပ်ထားသူနဲ့အတူ စေ့စပ်လက်စွပ် သွားဝယ်မယ်။ ၁/၂ ကာရက် စိန်ဝယ်မလား။ ၅/၈ ကာရက်စိန်၊ ၃/၄ ကာရက် စိန်၊ ၁ ကာရက်စိန်၊ ဒီထက်ပိုကြီးတာ၊ ဘယ်ဟာကို ဝယ်မလဲ။ size ကြီးတဲ့စိန်အတွက် marginal cost ဆိုတာ size ငယ်တဲ့စိန်အတွက် ကုန်ကျစရိတ်အပြင် ထပ်ပြီး ဆောင်းပေးရတဲ့စရိတ်ဖြစ်တယ်။ marginal benefit ကတော့ size ကြီးတဲ့စိန်ကို ပိုင်ဆိုင်ရလို့ ဘဝမှာရတဲ့ စိတ်ကျေနပ်မှု (Utility) ဖြစ်တယ်။ marginal benefit က marginal cost ထက်များရင်၊ ကိုယ်ကလဲ တတ်နိုင်ရင် size ကြီးတဲ့စိန်ကိုဘဲ ဝယ်မှာဖြစ်တယ်..။ တတ်နိုင်နေသော်လည်း marginal cost က marginal benefit ထက် များနေရင် size ငယ်တဲ့စိန် ကိုဘဲ ဝယ်မှာပေါ့။ ရှားပါးတဲ့ ကမ္ဘာကြီးမှာ တစ်ခုခုကို ရယူပိုင်ဆိုင်ရတဲ့ marginal benefit ဟာ အခြားတစ်ခုခုကို စွန့်လွှတ်လိုက်ရတဲ့ marginal cost အမြဲပါဝင် နေတယ်။ size ကြီးတဲ့စိန်ပေါ်သုံးလိုက်ရတဲ့ ပိုက်ဆံဟာ အခြားကုန်စည်တွေ မဝယ်ဘဲ စွန့်လွှတ်လိုက်ရတာ ဖြစ်တယ်။ အဲဒီတော့ ရွေးချယ်မှုလုပ်တိုင်း နောက်ထပ် အကောင်းဆုံး အရာတစ်ခုကို စွန့်လွှတ်လိုက်ရတဲ့ တန်ဖိုး opportunity cost အမြဲရှိပါတယ်..။
           လက်တွေ့ဥပမာလေးတွေကြည့်ရအောင်...
        free products တွေကို နေရာတကာမှာ တွေ့နေရတယ်.. ရောင်းသူတွေက နှုတ်ခမ်းနီတောင့်၊   ပေါင်ဒါဗူး၊ ခေါင်းလျှော်ရည်၊ ထမင်းဗူး၊ ရေဗူး၊ မတ်ခွက် စသည်ဖြင့် လူ့အသုံးအဆောင်၊ အိမ်အသုံးအဆောင် ပစ္စည်း အလကားပေးကြတယ်.. သွားဆရာဝန်တွေကလဲ သွားပွတ်တံ အလကားပေးတယ်.. အဲဒီတော့ Economics ရဲ့ အဓိကသဘောတရား "There is no free lunch." နဲ့ ဆန့်ကျင်သလို   ဖြစ်နေတယ်.. မဟုတ်ပါဘူး။ ဒီအလကားပေးတဲ့ ပစ္စည်းတစ်ခုချင်းစီကို ထုတ်လုပ်ဖို့အတွက် သယံဇာတသွင်းအားစုတွေကို အသုံးပြုရ တယ်။ ဒါကြောင့် ဒီ free goods တွေရဖို့ society က ဒီသယံဇာတ resources တွေကို စွန့်လွှတ်ရတယ်။ ကုန်စည်နဲ့ဆောင်ရွက်မှုရဖို့ ဒီ resources တွေကို သုံးပြီး ထုတ်လိုက်တဲ့အတွက် free lunch မရှိပါဘူး။ ဒါဆို ဘာလို့ အဲဒီပစ္စည်းတွေ အလကားပေးတာလဲ? marketing ပေါ့။ ဒီပစ္စည်းတွေ အလကားပေးတာ နောင်ကို စားသုံးသူတွေက ဝယ်မလားဆိုတဲ့ မျှော်လင့်ချက် နဲ့ပေါ့။ တချို့တွေကလဲ ပစ္စည်းများများဝယ်ရင် လက်ဆောင်အလကားပေးတာမျိုး လုပ်တယ်.. ပီဇာကြီးတချပ်ဝယ်စားရင် ဆိုဒါ တစ်ပုလင်း အလကားရတာ မျိုးပေါ့။ free cell phone ရဖို့အတွက် phone ကုမ္ပဏီနဲ့ တစ်နှစ်စာ စာချုပ် ချုပ်ရတယ်.. ဒီတော့ free products ဆိုတာ တစ်ဦးချင်း အတွက် free ဖြစ်ကောင်းဖြစ်မယ်။ သို့သော် society တစ်ခုလုံး အတွက် ဘယ်တော့မှ free မဖြစ်ပါဘူး။
      နောက်တစ်ခါ fast-food ရောင်းတဲ့ဆိုင်တစ်ခုကို ကြည့်ရအောင်..။ စားသုံးသူတွေက ဆိုင်ထဲကို ဝင်လာကြရင် အတိုဆုံးလိုင်းမှာ ဝင်စီကြတယ်..။ အစားစားရဖို့ အချိန်ကို အနည်းဆုံးဖြစ်အောင်ပေါ့..။ ဒီနေရာမှာ အချိန်က cost ပေါ့။ အချိန်ဆိုတာ အကန့်အသတ် ရှိတယ်.. ဒါကြောင့် ဒီအပြုအမူကိုလုပ်တာဟာ တမင်ရည်ရွယ်ပြီးလုပ်တာ..။ တကယ်လို့ စီနေတဲ့ လိုင်းတစ်ခုက အခြားလိုင်းတွေထက် ပိုတိုသွားရင် လူတွေက အဲဒီလိုင်းကို ကူးကြတယ်.. ဒါဟာဘာကိုပြသလဲဆိုရင် ကူးကြတဲ့လူတွေအတွက် တိုတဲ့လိုင်းမှာရမဲ့ ပိုသွားတဲ့အချိန် (marginal benefit) ဟာ သူတို့ လက်ရှိစီနေတဲ့လိုင်း ကနေ ပြောင်းရွှေ့တဲ့စရိတ်- ကိုယ်ကာယ လှုပ်ရှားရွှေ့လိုက်ရတဲ့ (marginal cost) ထက် သာနေတာကို ပြတယ်။ လိုင်း ၂ ခုက ညီတူဖြစ်သွားရင် နောက်ထပ် မကူးတော့ဘူး..။
       တကယ်လို့များသာ ဆိုင်စာရေးက နောက်ထပ် counter အသစ်ထပ်ဖွင့်ပေးရင် cost-benefit decision ချရပြန်ပြီ။ အသစ်လိုင်း ကို ကူးမလား။ နဂိုနေရာမှာဘဲ ဆက်နေမလား..။ လိုင်းအသစ်ကို ကူးကြတဲ့သူတွေက ကိုယ်ကာယလှုပ်ရှားလိုက်ရတဲ့ extra cost ထက် time saving ဆိုတဲ့ benefit ကသာတယ်လို့ ဆုံးဖြတ်ပြီး ကူးကြတယ်။ အဲလိုဆုံးဖြတ်လိုက်တဲ့အခါ တခြားသူတွေထက် ပိုပြီး မြန်မြန်   ရောက်နိုင်သလောက် ရောက်အောင်  လုပ်ရမယ်.. နှေးတဲ့သူက ရှံးမှာကိုး။ ဒါပေမဲ့ အဲလို ဆုံးဖြတ်လိုက် ပြီးကူးပေမဲ့ သူတို့မှာ information က အပြည့်အစုံမရှိဘူး။ ဒါကြောင့် မျှော်လင့်ထားသလို marginal benefit က ရချင်မှလဲ ရမယ်။ ဥပမာ.. လိုင်းအသစ်မှာ ကိုယ့်အရှေ့ကလူက လူ ၄၀ စာ ဟမ်ဘာဂါမှာတာဆိုရင် သွားပြီ။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ် ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်မှာတော့ ကိုယ့်အတွေးအယူအဆဟာ အကောင်းဆုံးပါဘဲ..။ ကိုယ့်အလှည့် ရောက်ပြီ ဆိုရင်လဲ ကိုယ်က ဘယ်ဟာကို မှာမလဲဆိုတာ marginal costs နဲ့ marginal benefits နှိုင်းယှဉ်ပြီး အမြင့်ဆုံးစိတ်ကျေနပ်မှု ရဖို့အတွက် ဆုံးဖြတ်ရပြန်တယ်။
          fast-food restaurant က စားသုံးတွေရဲ့ အပြုအမူဟာ economic behavior အတွက် ယေဘုယျ  အားဖြင့်မှန်တယ်။ စားသုံးသူတွေ၊ အလုပ်သမားတွေ၊ လုပ်ငန်းတွေအားလုံးဟာ marginal costs နဲ့ marginal benefits ကို နှိုင်းယှဉ်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်   ရွေးချယ်မှုပြုရပါတယ်..။
စာဖတ်သူများတွေးကြည့်ဖို့ -- ပုံမှန်စားသောက်ဆိုင်တစ်ခုနဲ့ ဘူဖေးစားသောက်ဆိုင်တစ်ခုမှာ ဘယ်ဟာက marginal cost များလဲ၊ marginal benefit များလဲ..? ဘယ်ဟာကိုရွေးမလဲ..?

 McConnel, Brue, and Flynn တို့ရေးတဲ့ Eighteenth Edition "Economics" မှ ကိုးကားဘာသာပြန်ပါသည်။

မိုးမြန်မာ